လီစန်းတောင်ခြေရှိ ဒိုင် [ချင်း] လူမျိုးနွယ်စု၏ သမိုင်း [History of Licang Dai_Chin Tribe] လူမျိုးနွယ်စုတိုင်း၌ မိမိတို့၏ မူလ အဆင့်ဆင့် လူမျိုးနွယ်စု [Tribal root] ရှိကြသည်။ လီစန်းဒိုင်လူမျိုးနွယ်စုသည်လည်း တောင်ပိုင်းချင်းလူမျိုးနွယ်စုများထဲမှ တခုအပါအဝင် ဖြစ်သည်။ နိုင်ငံတော်၏ လူမျိုးများစာရင်းမှ ချင်းလူမျိုး [၅၃]မျိုးတွင် ဒိုင်လူမျိုး ဟု ဖော်ပြထားသည်။ လီစန်တောင် [ Liicang Tlaang]၏ တောင်ခြေပတ်ပတ်လည်တွင် မှီတင်းနေထိုင်ကြသောကြောင့် တောင်၏ အမည်နာမအား အစွဲပြုကာ လီစန်းဒိုင်လူမျိုးနွယ်စု ဟု မိမိကိုယ်ကို ခေါ်တွက်ကြသည်။ နိုင်ငံရေးအရ သော်လည်းကောင်း၊ ဘာသာရေးအရသော် လည်းကောင်း၊ ချင်းတောင်တန်းဒေသတွင် “ဒိုင်ဧရိယာ” ဟူ၍ လူသိများသော နေရာ တခု ဖြစ်သည်။ ၁၉၄၇ မတူပီမြို့နယ် စတင်ခဲ့စဉ်ကလည်း ဒိုင်ဧရိယာ အမည်ဖြင့် မတူပီမြို့နယ်တွင် ပါဝင်ခဲ့သည်။ ဒိုင်လူမျိုးနွယ်စုသည် တောင်ပိုင်း ချင်းတောင်တန်းဒေသ လီစန်းတောင်ခြေ ပတ်ပတ်လည်တွင် အဦးဆုံး ရောက်ရှိလာခဲ့ကြသော တခုတည်းသော မျိုးနွယ်စုဖြစ်ကာ မျိုးရိုးစဉ်ဆက် ယနေ့အထိ ဤလီစန်းတောင်ခြေတွင်သာ နေထိုင်ကြသော ဒေသခံလူမျိုး တခု ဖြစ်သည်။ ဒိုင်လူမျိုးနွယ်စုမှအပ အခြားသော လူမျိုးနွယ်စု ဤဒေသတွင် မတည်မရှိပေ။ အထူးသတိပေးလိုသည်မှာ ဒိုင်လူမျိုးနွယ်စုအား ဒိုင်ရ် လူမျိုးနွယ်စုဖြင့် မနှောမိစေရန် ဖြစ်သတည်း။ ဒိုင်လူမျိုးစု နှင့် ဒိုင်ရ်လူမျိုးစုတို့သည် သီးခြားဝိသေသများ၊ ဓလေ့များ၊ ဘိုးဘွား၊ ဘေဘင်၊ ဘဲဘောပိုင်သော တောင်ယာနယ်မြေများ ရှိကြသည်။ စာရေးသူသည် စာဖတ်ခြင်းအား ကြိုက်နှစ်သူသာ ဖြစ်ကာ သမိုင်းပညာရှင် မဟုတ်ပေ။ မိမိ ဖတ်ဘူးသော စာပေအချက်အလက်များ၊ ကြားဖူးနားဝ ရှေးစကားများအား အတူတကွ စုဆောင်းကာ လီစန်းဒိုင်လူမျိုးနွယ်စုသမိုင်းဟု အမည်ပေးကာ တင်ပြခြင်းသာ ဖြစ်သည်။ [၁]။ လီစန်းတောင်ခြေရှိ ဒိုင်လူမျိုးနွယ်စု ဆင်းသက်လာပုံ။ ဒိုင်မျိုးနွယ်စုသည် တိဗက်-မြန်မာအုပ်စုဖြစ်ပြီး၊ ချင်း-ကချင်မျိုးနွယ် တွင်ပါ၀င်သည်။ လီစန်း [Licang Tlaang] ဒိုင်လူမျိုးဘိုးဘေး သမိုင်းမှတ်တမ်းများအရ ဂင်မင်းဆက်နှင့် ဟန်မင်းဆက် လက်ထက် တရုတ်ပြည်တွင် ပထမဆုံးတွေ့ရှိခဲ့ရသည်။ တရုတ်ပြည်ရှိ ယူနန်ပြည်မှ တိဗက်ကုန်း ဒေသသို့ ရောက်ရှိခဲ့ကြပြီး၊ ထိုမှတဆင့် မြန်မာနိုင်ငံအရှေ့မြောက်ဖက်သို့ ၀င်ရောက်လာကာ ပုဂံယာဉ်စီးခရီးသည် ပါးစပ်ရာဇဝင်အရ ချိုး [K’cho] လူမျိုးစုဝင် ဖြစ်ကာ ကျောက်ဆည်၊ ပုဂံ-ပုပ္ပါးအရပ်တွင် နှစ်ပေါင်း အတော်ကြာ အခြေချ နေထိုင်လာခဲ့ကြပါသည်။ ပုဂံ-ပုပ္ပါးမှ တဆင့် တောင်တွင်းကြီးအရပ်မှ ဧရာ၀တီမြစ်ကို ဖြတ်ကာ ပခုက္ကူဒေသ၊ ထိုမှတဆင့်‌ မြောက်ဖက်သို့ ရွေ့ပြောင်းလာကြပြီး ပုံတောင်ပုံညာကို ဖြတ်ကျော်ကာ ယောဒေသသို့ ရောက်ရှိခဲ့ကြပါသည်။ ယောဒေသတစ်‌လျှောက်မှ ဝေလောင်းနယ်၊ ထိုမှ ချင်းတောင်တန်းရှိ မိုးပီတောင်အရပ်သို့ ရောက်ရှိခဲ့ကြသည်။ မိုးပီတောင်မှ တဆင့် ၎င်း၏ မြောက်ဖက် ဘုံတလာအရပ်ကို ဖြတ်ကာ လီစန်းတောင်ခြေဒေသသို့ လည်းကောင်း၊ ပင်ချောင်း အနီးဒေသသို့လည်းကောင်း ယနေ့အခါ မင်းတပ်မြို့နယ်တွင် လည်း‌ကောင်း၊ပလက်ဝမြို့နယ် ဖုန်းလောင်ဒေသအရပ်နှင့် ရခိုင်ပြည်ရှိ မြောက်ဦးမြို့နယ်အထိရောက်ရှိပြန့်နှံ့ခဲ့ကြသည်။ ဒိုင်လူမျိုးနွယ်စုသည် ရှေးကာလအဆက်ဆက်တွင် မိမိတို့ဒိုင်လူမျိုးနွယ်စုများအလိုက် ဒိုင်ချင်းစော်ဘွားမျာဖြင့်သာ အုပ်ချုပ်ခဲ့သော နယ်မြေတခု ဖြစ်ခဲ့သည်။ ဗြိတိသျှ ကိုလိုနီခေတ် ၁၉၃၀ အထိ လွတ်လပ်သော နယ်မြေ [unadminidtered Area] ဖြစ်ခဲ့ပြီး ဒိုင်တိုက်နယ်အုပ် ဒိုင်တွီထန်ကျင်း [Chief Daitui Thang Cing]၊ ၁၉၂၉ တွင် ဒိုင်နယ်အား ပင်းချောင်းဝတိုက်နယ်နှင့် မတ်တူတိုက်နယ်၊ ၎င်း၏ တိုက်အုပ်မှာ လုံဟောလ် [Chief Lung Hawl]ဟူ၍ နှစ်ခု ဖြစ်လာခဲ့သည်။ ယနေ့ ဒိုင်နယ်သည် ယခင် ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးစနစ်ပုံစံအရ အာရခိုင်တောင်တန်းဒေသ၏ အုပ်ချုပ်ရေးအောက်၌ ခွဲထားကာ အုပ်ချုပ်စေခဲ့သည်။ ဒိုင်လူမျိုးနွယ်စု အဆက်ဆက်သည် Phunlawng [Remroo] ချောင်း တလျှောက် မှီတင်းနေထိုင်သော လူမျိုးနွယ်စု ဖြစ်သောကြောင့် ဗြိတိသျှခေတ် မှတ်တမ်းများတွင် Remroo Chin ဟု ခေါ်တွင်ကြသည်။ ဗြိတသျှ အစိုးရ ဝန်ထမ်းများဖြစ်သော Major Rainey နှင့် Captain Rigby တို့က ၁၉၀၁ တွင် ယနေ့ ဒိုင်လူမျိုး ဖြစ်သော Remroo Chins တို့သည် ယနေ့ မင်းတပ်မြို့နယ်မှ ဝေလောင်ဒေသ [Welaung Country] မှ ဝေလောင် ချင်း [Welaung Chins] ဟု မှတ်တမ်း တင်ခဲ့သည်။ Major Hudges [1881]၏ မှတ်တမ်းများအရ Remroo Chins ဟု ခေါ်သော ယနေ့ ဒိုင်လူမျိုးသည် သမိုင်းကြောင်းအရ Chinboks ဟူသော Ng’Muen ဘာသာစကားကို၎င်း၊ Hakha Chins ဘာသာစကားကို၎င်း သိနားလည်ကြကာ အဆက်အသွယ် ရှိကြောင်း လေ့လာသိရှိရသည်။ ဤ Welaung Chins တို့သည် Phunlawng တ​လျှောက်တွင် အခြေချ နေထိုင်ကြသော Remroo chins များနှင့်လည်း (၆)နှစ်သာ လေ့လာချက်အရ အလွန်ပင် နီးစပ်ကြကြောင်း၊ နယ်၊ ရွာစိတ်ဓါတ် အစွဲကြီးကြကြောင်း၊ သားသမီးရေးရာ၌ အထူးအလေးပေးကြပြီး ကလေးကို များနိုင်သလောက် အတားအဆီးမရှိ မွေးမြူးကြကြောင်း ဖော်ပြသည်။ Historically, they were seen as a link between the Chinboks and Haka Chins, but later analysis suggested a closer connection to the Lemroo Chins. This group has strong community ties and customs. Marriage ceremonies are large events, and families often have many children. ၁၉၀၁ ခုနစ် Major Rainey နှင့် Captain Rigby တို့၏ တောင်ပိုင်း ချင်းလူမျိုးများ မှတ်စုအရ ယနေ့ ဒိုင်-ချင်း ဟုခေါ်သော လူမျိုး တခုသည် “Welong Chin” အမည်နာမနှင့် ပခုက္ကူတောင်တန်းဒေသ၊ အာရခိုင်တောင်တန်းဒေသနှင့် ချင်းတောင်တန်းသေဒတို့ အကြားတွင် နေထိုင်ကြသော လူမျိုး တခု ဖြစ်သည်။ တောင်စောင်းနေရာများတွင် ပြန့်ကျဲစွာ နေထိုင်ကြသောကြောင့် ၁၉၀၁ သန်းခေါင်စာရင်းတွင် Yindus မှအပ၊ ၎င်းတို့၏ သန်းခေါင်းစာရင်အား ပြုစုနိုင်ခြင်း မရှိခဲ့ချေ။ ဤလူမျိုးသည် ပခုက္ကူတောင်တန်းဒေသ မြောက်ဖက်မှ စ၍ M’hangs [Today’s M’kaang], Twisips [Today Siip Dais] အာရခိုင်တောင်တန်းဒေသရှိ Remroo ချောင်းနှင့် Calandan ချောင်း တလျှောက် ပြန့်နှံ့နေထိုင်လျှက် ရှိကြောင်းကို ၁၉၀၆ Major Hugdes က မှတ်တမ်းတင်ခဲ့သည်။ According to southern Chin Tribes of Burma by Major Rainey and Captain Rigby in 1901, the people referred to by the Burmans as Chinmes are a branch of the Chinboks who lived in an unadministered block of upland between the Pakokku Chin Hills and the Arakan Division escaped enumeration at the last census. Besides the Yindus proper there are a number of smaller tribes scattered, those are the first of these to be mentioned are the Welaung Chins in the north of the Pakokku Tract, who have in the past been regarded as, so to speak, a connecting link between the Chinboks and the Haka Chins of the Chin Hills proper. A punitive expedition sent in 1906 into the Welaung country showed, however, that its inhabitants were more probably connected with the tribes alluded to by Major Hughes as living to the east of the Northern Arakan District who are now known generally as Lemroo Chins (Captain Rigby's M'hangs [M’kaang Chin today], Twisips [Shiip Dai Chin today], etc.). [၂]။ ဒိုင်[ချင်း]လူမျိုးနွယ်စု၏ ယုံကြည်ကိုးကွယ်မူ ဒိုင်[ချင်း]လူမျိုးသည် မျိုးရိုးစဉ်ဆက် မိရိုးဖလာအရ နတ်ဘာသာအား လက်ခံယုံကြည်သော လူမျိုး တမျိုး ဖြစ်ခဲ့ဘူးသည်။ နေရာတကာ နတ်အမျိုးစုံကို ယုကြည်ခဲ့ဘူးသော လူမျိုး၊ အောက်လမ်း မှော်ပညာ၊ စုန်းအတတ်ပညာများအား လိမ္မာပါးနပ်စွာ တတ်ကျွမ်းခဲ့ဘူးသော လူမျိုး တမျိုးလည်း ဖြစ်သည်။ ဗေဒင်လက္ခဏာများ၊ ကြက်ဥအားဖြင့် နိမ္မိတ်ဖတ်ခြင်း၊ နေမင်း၊ ကြယ်၊ နက္ခတာရာများကိုလည်း သက်ဝင်သော လူမျိုး တမျိုး ဖြစ်ခဲ့ဘူးသည်။ ယေရူသခင်ဘုရား၏ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့်၊ ဒိုင်လူမျိုးနွယ်စုထံသို့ ဧဝံဂေလိတရား၏ အလင်းတော်သည် [Dai Area] ရှိ ကျေးတောများ၌ CBC, MBAနှင် PCM ဂိုဏ်းဂဏ အဖွဲ့ဝင်များအားဖြင့် ခရစ်တော်၏ တရားစကားနှင့်အတူ အသင်းတော်များ ရောက်ရှိလာခဲ့ကာ အခြေချဘူးခဲ့သော ရွာနှင့် နှစ်သက္ကရာဇ်များကို လေ့လာခြင်းအားဖြင့် ခရစ်ယာန်သာသနာတော်သည် ဂျပန်စစ် [၁၉၄၂-၁၉၄၅] မတိုင်မှီ ရှေ့ပြေးတမန်တော်များနှင့်အတူ ရောက်ရှိလာခဲ့ကာ ဂျပန်စစ် ပြီးဆုံးသွားအခါ အသင်းတော်များသည် လျင်မြန်စွာ တရွာဝင် တရွာထွက်၊ ဒိုင်နယ်တခုလုံး၌ ထွန်းကားလာခဲ့ကြောင်းကို အောက်ပါအတိုင်း မှတ်တမ်းများ ဖတ်ရူလေ့လာဘူးကြောင်း မျှဝေသည်။ [၁]။ ၁၉၄၈တွင် ဏဏ်းအီမ်း [Karl Imm/ Kaang Imm_MBA] [၂]။ ၁၉၅၀တွင် ကိတ်နား [Kuepnaa_MBA] [၃]။ ၁၉၅၄ တွင် တွီးရှီမ့် [Saya Pankum, Tuisiip_MBA] [၄]။ ၁၉၆၁ တွင် လုန်ပန်း [ Lungpan_MBA] [၅]။ ၁၉၆၄ တွင် ရုန်း မှ လင်တွီ [Saya Van Boi, Rhueng-Lingtui_ MBA] Licang zun [၆]။ ၁၉၆၇တွင် Awmswe [Awmzoe] MBA] [၇]။ ၁၉၆၇တွင် Suuntui and Tuisiip [PCM] [၈]။ ၁၉၆၈တွင် Awmswe [Teih Cen Tlang] [PCM] [၉]။ ၁၉၆၉တွင် ပန်တွီး [Pantui _PCM] [၁၉၂၉ မှ ၁၉၄၀ အထိ အထက်ဒိုင်တိုက်အုပ်၏ ယာရီရုံးစိုက်ရာ] [၁၀]။ ၁၉၆၉တွင် ဘွေရှီမ့် [Boisiip_MBA] [၁၁]။ ၁၉၇၀တွင် Rev Lenglaw ဒိုင်နယ်သား၊ ဒိုင်နယ် တွင် [PCM] မှ သာသနာတော် ခရီးအား မီးတူ [Miitu]ရွာမှ စတင်ခဲ့သည်။ [၁၂]။ ၁၉၇၁တွင် မတ်တူ [Pu Bukchuaka, Mahtu_PCM] [၁၉၂၃ မှ ၁၉၄၅ အထိ] အထက်ဒိုင် တိုက်နယ်ရုံးစိုက်ရာ ရွာကြီး။ ပင်းအေချာင်းဝ- အောက်ဒိုင်တိုက်အုပ်ကြီးမှာ Daitui Thang Cing ၏ ရုံးစိုက်ရာ] [၁၃]။ ၁၉၇၂တွင် Amswe [Teih Cen Tlang] saya Thang Zen_MBA [၁၄]။ ၁၉၇၅ တွင် [အောက်ဒိုင်နယ်များ လုံပဲလ် Baptist Area_ MBA [၃]။ ဝတ်စားဆက်ယင်မူ ကုန်းဘောင်ခေတ်၏ ချင်းတိုင်းရင်းသားဘ၀ သရုပ်ဖော်၊ ချစ်ကြည်ရေးစာပေသည်လည်း ထူးခြားပေါ်လွင်လှသည်။ ရုပ်သေးဆရာကြီး 'ကျပင်းဆရာဖီး'၏ ချင်းတိုင်းရင်းသား ဘဝသရုပ်ဖော်စာ ပေသည် ထင်ရှားလှသည်။ ကျပင်းဆရာဖီးသည် ချင်းအမျိုးသမီးတို့၏ ရိုးရာယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်မှု ဘဝသရုပ်ကို_ “အမျိုးဆင်သိုင်း၊ ပိုးသင်တိုင်း၊ မင်လိုင်းကွပ်၍၊ ငွေလက်စွပ်-ငွေလက်ကောက်၊ ငွေနားတောင်း တို့နှင့်၊ ကွေချက်ပေါင်းပြီးလျှင်၊ ခေါင်းငွေဘီး-ငွေပုတီးတို့နှင့်၊ မကြီးဘယ်သူ၊ တသင်းပြန့်ပြန့်၊ နနွင်းနံ့၊ စန္ဒကူး၊ ကန့်ဗလူမွှေ့၊ ညှာမနွမ်းရုံ၊ ယာကွမ်းငုံတဲ့၊ ဆေးတံ နှင့် လုံမလေးတို့” ဟူ၍ ပေါ်လွင်စွာ ဖွဲ့နွဲ့ခဲ့သည်။ [၅]။ ဒိုင်မျိုးနွယ်စုတို့၏ ပထဝီတည်နေရာနှင့်အကျယ်အဝန်း။ ဒိုင်လူမျိုးနွယ်စုများသည် မတူပီမြို့နယ်တွင် ဧရိယာ စတုရန်းမိုင်ပေါင်း(၆၆၀)ခန့် အတွင်းပြန့်နှံ့နေထိုင်ကြသည်။မတူပီမြို့၏အရှေ့ဖက် အိုင်ခတ်ခ်နှင့် ရမ်ပါးတောင်ခြေနှင့် မတူပီမြို့ တောင်ဖက်တွင်အများစုနေထိုင်ကြသည်။ Major Hudges၏ အာရခိုင်တောင်တန်းဒေသ [၁၈၈၁] စာအုပ်တွင် In the book of the Hill Tracts of Arakan [1881] by Maior W. GAVYNNE HUGHES, F.R.n.s., Deputy Commissioner British. Burma, and late Superintendent Hill Tracts of Arakan [1880], ဤတောင်တန်းဒေသ၏ ဝိသေသ လက္ခဏာများမှာ တောင်တန်းအများအပြား၊ ထူထပ်နေသော ဝါးတော၊ တောအုပ်ရိုင်းကြီးဖြစ်ကာ Kooladan နှင့် Remroo ချောင်းကြီးနှစ်ခု မြောက်မှ တောင်သို့၊ ဘင်္ဂလာပင်လယ်အော်ထဲ စီးဝင်သည်။ ဤချောင်းနှစ်ခု၏ ဘေး နှစ်ဖက် နှစ်ချက်တွင် ကျေးရွာများစွာ ရှိနေသည်။ မြေပုံကို ကြည့်လိုက်ပေါ့။ The physical features of the Hill tracts where the homeland of Dais are characterized by ranges of hills, covered with dense bamboo and tree jungle, and drained by two large rivers, the Kooladan and Lemroo, on the banks of which the majority of the hill tribes reside. It is worthy of observation that, as will be seen by reference to the map, both the ranges of hills and the rivers run nearly directly north and south. Remroo River [Phunlawng] တ​လျှောက် မြစ်ဘေးနှစ်ဖက်၌ တည်သော ကျေးတောရွာများစွာ ပါဝင်သည်။ Remroo ချောင်းသည် ပင်လယ်အထိ မိုင်ပေါင်း၁၂၀ ရှည်သည်။ လီစန်တောင်[Licang Tlaang] နှင့် Awici သဘာဝ ရေအိုင်ကြီးတို့သည် ဒိုင်လူမျိုးနွယ်စုအတွက် သမိုင်းဆိုင်ရာ ဝိသေသလက္ခဏာ အမှတ်သင်္ကေတများ ဖြစ်ကြသည်။ [၆]။ “ဒိုင်”ဟူသော စကားလုံး၏ အဓိပ္ပါယ်ကား အဘယ်နည်း။ “ဒိုင်”ဟူသော စကားလုံး၊ အဓီပ္ပါယ်ကား Remroo Chins [Siip thlang]တို့၏ လေသံအရ “Dai_ဝါးပင်” ပေါ့။ Lai ဘာသာစကားအရတော့ “Dai_ငြိမ်းအေး သာယာသော” ဖြစ်သည်။ ဒိုင် [Dai] လူမျိုး ဖြစ်လျင့်ကစား၊ [Daai _ဒိုင်ရ်နှင့် မမှားရန်]၊ ဒိုင်လူထုသည် “ဒိုင်” ဆိုတာ ဘာလဲ။ “ဒိုင်” ဟူသော စကားလုံး၏ အဓိပ္ပါယ်က ဘာလဲ ဆိုတာ မသိကြသေးပေ။ ဗမာ့သမိုင်း စာမျက်နှာများတွင် “ဒိုင်” ဟူသော စကားလုံးသည် လူမျိုး တခု၏ အမည်နာမ တခု၊ ယောနဂတိုင်းဒေသတွင် နေထိုင်စဉ်ကပင် အသုံးပြုခဲ့ဘူးသော ရှေးအကျဆုံး အမည်နာမ တခုဖြစ်သည်။ “ဒိုင်” စကားလုံး၊ အမည်နာမနှင့် ဆက်နွယ်၍ ဖတ်ဘူးသော သမိုင်းစာပေကို တင်ပြဆွေးနွေးချင်လိုပါသည်။ ဆွေးနွေးချက် [၁]။ ရှေးသရောအခါက “ယောတြခတ်မြို့” ဆိုသည်မှာ ယနေ့ ယောမြို့ အမည်တွင်ဆဲ ပုဂံခေတ်တွင် [ဒိုင်နယ်၊ ဒိုင်ချင်းကျေးရွာကြီး တရွာသာ ဖြစ်နေပါတော့သည်။ ဤ “ဒိုင်” အမည်နာမ_ ဒိုင်ချင်းကျေးရွာ တည်ရှိကြောင်းကို စေတုတ္တရာချင်းလှထွန်၏ စာအုပ်၌လည်း “စေတုတ္တရာနယ် မြောက်ပိုင်းရှိ လုံးကြီး၊ အပေါ၊ စင်းချောင်း၊ ငတော်စုတ်၊ ဒိုင်း၊ ဖျင်ကြီး ချင်းရွာများသည် ၁၅၆၂ ပုံဂံအနော်ရထာလက်ထက် တည်ထားသော လောင်းရှည်နယ်ပိုင် ဖြစ်သည်၊” ဟု ဖော်ပြထားသည်။ ဆွေးနွေးချက် [၂]။ “ဒိုင်” ဟူသော အမည်နာမသည် ကိုလိုနီခေတ် အစောပိုင်းကာလတွင် ပင်းချောင်းဝ၌ အခြေစိုက်သော ထိုအချိန်က ဩဇာတန်ခိုးကြီးသူ ဒိုင်လူမျိုး၊ ဒိုင်တိုက်နယ်အုပ်၏ အမည်နာမ ဖြစ်သော Daitui Thang Cing ကို အားကျနေသော လူထုကြား၌ နာမည်ကြီးလာသော အမည်နာမ တခုလည်း ဖြစ်နေသည်။ The Dai comes from the name of the first ever Chief of Dailand which derived from Daitui Thang Cing under the British colonial era [1893-1930] and reached the highest popularity among the Dais. Thang Cing သည် ၁၈၂၆တွင် ဗြိတိသျှ၏ အာရခိုင်တောင်တန်းဒေသ၏ ရဲစခန်းအခြေချရာ [Imperial Police Headquarter] ဖြစ်သော ပလက်ဝ တွင် policing Trainings ပြီးမြောက်အောင်မြင်ခဲ့ကာ ကိုလိုနိအောက်တွင် ရဲအမူထမ်းဆောင်ရင်း တိုက်သူကြီးနေရာကို ရယူခဲ့ကာ Remroo Chinsများ နေထိုင်ကြရာ Phunlawng တလျှောက်လုံးတွင် ဆင်စီးနယ်လှည့်ကာ သူ၏ ဩဇာထူထောင်ခဲ့ကြောင်း၊ သူသည် ဤနယ်ကို ဒိုင်နယ် ဟူ၍ ၎င်း၊ သူ၏ အမည်ကိုလည်း ဒိုင်တွီထန်ကျင်း ဟူ၍ ၎င်း ပြောင်းလဲခဲ့ကာ ကိုလိုနီခေတ်နှင့် တိုက်အုပ်ရာထူးအား ရယူခဲ့ကြောင်း လူကြီးသူမစကား ကြားဖူးနားဝ ရှိသည်။ နောင်တွင် မတ်တူတိုက်နယ်အုပ် ဖြစ်လာခဲ့သူ Chief of Mahdu Lung Hawl သည် ဒိုက်တွီထန်ကျင်းနှင့် ရင်းနှီးသည်ဟု ဆိုခဲ့ဘူးကြောင်းကိုလည်း စာရေးဆရာ အွခ့်လာဘိခ့်က ကိုလိုနီခေတ် မတူတိုက်နယ်အုပ်များ စာအုပ်တွင် ရေးသား မှတ်တမ်းတင်ခဲ့သည်။ ဗြိတိသျှခေတ်တွင် ဘုံအမည်နာမ မရှိသောကြောင့် အင်္ဂလိပ်တို့က Remroo Chins သို့မဟုတ် Welaung Chins ဟူ၍ ခေါ်ခဲ့ကြကြောင်းကိုလည်း အာရခိုင်တောင်တန်းဒေသ [The Hill Tracts of Northern Arakan] စာအုပ်တွင် လေ့လာရသည်။ ဤ Remroo Chins ကို Chief Daitui Thang Cing က ဒိုင်လူမျိုး၊ ဒိုင်နယ် အမည်နာမ ခေါ်တွင်စေခဲ့ကြောင်း ပါးစပ်ရာဇဝင် ကြားဖူးနားဝ ရှိသည်။ ၁၉၄၀ တွင် မတ်တူ[Mahdu] တိုက်နယ်အုပ် Lung Hawl သည် ကျန်းမာရေး မကောင်းသဖြင့် ငလားရွာသူကြီး စန်ခွန်းသည် မတ်တူတိုက်နယ်၏ ဒုတိယမြောက် တိုက်နယ်အုပ်ရာထူး ဆက်ခံသူ ဖြစ်လာကာ သူ၏ Certificate of Good Service တွင် “ဒိုင်နယ်တိုက်အုပ်ရာထူး” ဖော်ပြထားကြောင်း စာရေးဆရာ အွခ့်လာဘိခ့်၏ စာအုပ်၌ ဖတ်ရသည်။ ထိုကာလမှ စ၍ ယနေ့အထိ ဒိုင်နယ်၊ ဒိုင်ဧရိယာ၊ ဒိုင်လူမျိုးနွယ်စု ဟူ၍ အသုံးပြုနေဆဲ ဖြစ်သည်။ Credit To Salai Tuimoe

Comments

Popular posts from this blog

Khuikho honak အိမ်သုးပစွည်း

Daica alphabet